ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ကူညီမှုများကို အစ္စရေးသည် “တရားမဝင်ကန့်သတ်”နေသေး သည်ဟု ကုလသမဂ္ဂအေဂျင်စီက ဆို၊ ဆာလောင်နေသူများသည် ဆန် ပြုတ်ပူအတွက် တန်း စီ နေကြ

(GMT+08:00)2024-04-20 15:22:52  

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအဆင့်မြင့်အရာရှိရုံး၏ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မကြာမီက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်သို့ လူသားချင်း စာနာထောက်ထားရေး ထောက်ပံ့ကူညီမှု ပစ္စည်းများ ဝင်ရောက် ပေးဝေခြင်းကို ဆက်လက် တရားမဝင် ကန့်သတ်နေသေးကြောင်း၊ လက်ရှိထောက် ပံ့ကူညီမှု ပစ္စည်းများ ပမာဏသည် ဒေသခံ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များကို မ ဖြည့်ဆည်း ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

    ဒေသစံတော်ချိန် ဧပြီလ ၁၉ ရက်နေ့က ဂါဇာကမ်းမြောင် Deir al-Barah ဒေသရှိ ပါလက်စတိုင်းဒုက္ခသည်များသည် ပရဟိတအဖွဲ့မှ ဝေငှသော ဆန်ပြုတ် ပူ အတွက် တန်းစီ စောင့်ဆိုင်းနေကြသည်ကို တွေ့မြင်ရပါသည်။