တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ဖွဲ့ တည်ထောင်ရေးအခမ်းအနားကျင်းပ

(GMT+08:00)2024-04-20 10:45:29  

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ဖွဲ့ တည်ထောင်ခြင်းအခမ်းအနားကို ဧပြီလ ၁၉ ရက်နေ့တွင် ဘေကျင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယင်းတပ်ဖွဲ့အား တပ်မတော် အလံ ပေးအပ်ပြီး အမှာစကားပြောကြားခဲ့ကာ ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင်ကိုယ်စားပြုပြီး တပ်ဖွဲ့မှ အရာရှိနှင့် စစ်သားများအားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုထောမနာ ပြုခဲ့ ပါသည်။