ပါကစ္စတန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူအနည်းဆုံး ၈၇ ဦး သေဆုံး

(GMT+08:00)2024-04-20 15:27:15  

ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ ယခုလ ၁၉ ရက်နေ့မှထုတ်ပြန်သော အစီရင်ခံစာအရ ပြီးခဲ့သော သီတင်းပတ်တွင် ပါကစ္စတန်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူအနည်းဆုံး  ၈၇ ဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

ပါကစ္စတန်သမ္မတ Zardari နှင့် ၀န်ကြီးချုပ် Shahbaz တို့သည် ယင်းနေ့တွင် ကြေညာချက် အသီးသီး ထုတ်ပြန်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပွားခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်ကြောင်း ဖော်ပြခဲ့ သည်ဟု  သတင်းအရ သိရှိရ သည်။