Chen Wenqing သည် ၁၂ ကြိမ်မြောက် လုံခြုံရေး ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ နိုင်ငံတကာညီလာခံ တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်မည်

(GMT+08:00)2024-04-20 15:29:49  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံရေးနှင့် တရားဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူး Chen Wenqing သည် ဧပြီလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖိတ်ကြားချက်အရ ၁၂ ကြိမ်မြောက် လုံခြုံရေး ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ နိုင်ငံတကာညီလာခံ တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်မည်ဟုပြောကြားခဲ့ပါသည်။