၁၄ ကြိမ်မြောက် ဘေကျင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်လှစ်

(GMT+08:00)2024-04-20 15:24:47  

   တရုတ်နိုင်ငံတော်ရုပ်ရှင်ဦးစီးဌာနမှ ညွှန်ကြားပြီး China Media Groupနှင့် ဘေကျင်းပြည်သူ့အစိုးရမှ ကြီးမှူးကျင်းပ သော ၁၄ ကြိမ်မြောက် ဘေကျင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဧပြီလ ၁၈ရက်နေ့ ညက ဘေကျင်း Yanqi Lake နိုင်ငံတကာ အစည်းအဝေးနှင့် ပြပွဲ စင်တာ၌ ဖွင့်လှစ်ခဲ့သည်။ ယခုနှစ် ဘေကျင်းရုပ်ရှင်ပွဲတော်ကို ဧပြီလ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဘေကျင်းတွင် ကျင်းပမည် ဖြစ်ပါသည်။