အီရတ်၊ ဆီးရီးယားနှင့် အီရန်နိုင်ငံများ၏ နေရာဒေသအချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့

(GMT+08:00)2024-04-19 16:13:38  

အစ္စရေး Jerusalem Post နှင့် ပါလက်စတိုင်း Al-Quds သတင်းစာတို့မှ ဒေသစံတော်ချိန် ၁၉ရက်နေ့ထုတ် သတင်းများအရ  ထိုနေ့ နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ Baghdad ပြည်နယ်နှင့် Babylonပြည်နယ်၊ ဆီးရီးယားတောင်ပိုင်း As Suwayda ပြည်နယ်နှင့် အီရန်နိုင်ငံ Esfahanပြည်နယ်များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အစ္စရေးသည် အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး လုံခြုံရေး အရာရှိက အတည်ပြု ပြောကြားခဲ့ကြောင်း ဒေသ စံတော်ချိန် ၁၉ရက်နေ့က အစ္စရေး ကြည်းတပ် အသံလွှင့်ဌာနမှ ဖော်ပြသည်။ အီရန် အစိုးရပိုင် သတင်းအေဂျင်စီမှ ထိုနေ့ထုတ် နောက်ဆုံးရ သတင်းများအရ အီရန်နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို နိုင်ငံတွင်းရှိ ပြည်နယ်အများအပြားတွင် စတင် အသုံးပြုနိုင်ပြီဖြစ်သည်ဟု သိရပါသည်။ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီက အီရန်၏ နျူကလီးယား အဆောက်အအုံများ ပျက်စီးခြင်းမရှိကြောင်း ဒေသစံတော်ချိန် ၁၉ ရက်နေ့က အတည်ပြုခဲ့သည်။