သက်ဆိုင်ရာနိုင်ငံများက အဖြစ်မှန်ကို အသိအမှတ်ပြုပြီး၊ တူညီသောအမှားကို ထပ်မံ မကျူးလွန်ရန် အကြံပေးအပ်ကြောင်း တရုတ်နိုင်ငံခြားဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-04-19 15:19:10  

ယခုလ ၁၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပပြီး၊ တရုတ်တောင်ပင်လယ်ရေးရာ ဆိုင်ရာ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။

လျင်ကျန့်က တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံများက အုပ်စုဖွဲ့နိုင်ငံရေး ခြယ်လှယ်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ ပဋိပက္ခများ သွေးထိုးလှုံ့ဆော်၊ ပြင်းထန်လာစေပြီး၊ အခြားနိုင်ငံများ၏ မဟာဗျူဟာလုံခြုံမှုနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်တောင်ပင်လယ်ရေးရာဆိုင်ရာ သက်ဆိုင်ရာနိုင်ငံများမှ တရုတ်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုကို လက်ခံမည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများက အဖြစ်မှန်ကို အသိအမှတ်ပြုပြီး၊ တူညီသောအမှားကို ထပ်မံမကျူးလွန်ရန် အကြံပေးအပ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။