တစ်ဖက်သတ် စစ်ရေး အားသာချက်များ ရှာကြံရန် အတွက် အမေရိကန်က အာရှနှင့် ပစိဖိတ်ဒေသတွင် တာလတ်ပစ် ဒုံးကျည် ချထားရေးကို တရုတ်သည် ပြတ်ပြတ်သားသား ဆန့်ကျင်

(GMT+08:00)2024-04-19 13:11:33  

ယခုလ ၁၈ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ဦးစီး ကျင်းပခဲ့ပါသည်။ ဖိလစ်ပိုင် စစ်ဘက်နှင့် ကျင်းပသည့် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲ၏ အစိတ်အပိုင်း အနေဖြင့် အမေရိကန်သည် ဖိလစ်ပိုင် နိုင်ငံ Luzonကျွန်းတွင် တာလတ်ပစ် ဒုံးကျည် ပစ်လွှတ်မှု စနစ်ကို ချထားခဲ့ကြောင်း အမေရိကန် ပစိဖိတ် ကြည်းတပ်မှ မကြာခင်က ကြေညာခဲ့ပါသည်။ အမေရိကန်၏ ယင်းလုပ်ရပ်သည် တရုတ် နိုင်ငံကို ဟန့်တားရန် ရည်ရွယ်ထားသည်ဟု မှတ်ချက် အချို့က ယူဆပါသည်။ တရုတ် အနေနှင့် ယင်းနှင့် ပတ်သက်၍ မည်သည့် အမြင်သဘောထား ရှိသနည်းဟု သတင်းထောက်က မေးမြန်းခဲ့ပါသည်။

မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် လင်ကျန့်က မိမိတို့သည် အမေရိကန် အား အခြားနိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုကို ထိရောက်စွာ လေးစားပြီး စစ်ရေး ယှဉ်ပြိုင်ခုခံမှု သွေးထိုးလှုံ့ဆော်ခြင်းနှင့် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး ဖျက်ဆီးမှုကို ရပ်စဲကာ လက်တွေ့ဆောင်ရွက်မှုများဖြင့် မဟာဗျူဟာ အန္တရာယ်ကို လျှော့ချရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ၄င်းက ဖိလစ်ပိုင်သည် အမေရိကန်မှ ယင်းလုပ်ရပ်၏ တကယ့် ရည်မှန်းချက်နှင့် အမေရိကန်ကို အလိုလိုက်အကြိုက်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ အပေါ် ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီး  အမေရိကန် အတွက် မီးထဲမှ သစ်ချသီး ယူပေးသလို သူတပါးအတွက် အလဟဿအရဲစွန့်မှုကို မပြုသင့်ကြောင်း၊ မှားယွင်းသော လမ်းကြောင်း အတိုင်း ဆက်လက် မလျှောက်လှမ်းသင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။