ပဋိပက္ခ အသစ်အကြိမ်ပြန်လည်ဖြစ်ပွားပြီးနောက် ဟားမတ်စ်အဖွဲ့ခေါင်းဆောင် တူရကီသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်မည်

(GMT+08:00)2024-04-19 10:57:39  

ပါလက်စတိုင်းအစ္စလာမ္မစ်ခုခံရေးလှုပ်ရှားမှုအဖွဲ့ (ဟားမတ်စ်) ၏ နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh သည် ယခုသီတင်းပတ်ကုန်တွင် တူရကီနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း တူရကီက ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါသည်။ ယင်းသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် Haniyeh ၏ ပထမဆုံးအကြိမ် တူရကီနိုင်ငံကို သွားရောက်လည်ပတ်ခြင်း ဖြစ်ပါသည်။ တူရကီသမ္မတ Erdogan သည် ကိစ္စရပ်များစွာကို ဆွေးနွေးရန် Haniyeh နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၁၇ ရက်နေ့က လွှတ်တော်အစည်းအဝေး တွင် ကြေညာခဲ့ပါသည်။