နိုင်ငံတကာ စည်းမျဉ်း ဥပဒေကို လိုက်နာဆောင်ရွက်ခြင်းသည် ခြွင်းချက် မရှိသလို အမေရိကန်သည် ကင်းလွတ်ခွင့် မရှိကြောင်းလည်း ဝမ်ယိဆို

(GMT+08:00)2024-04-19 13:12:03  

ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဂျာကာတာတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retnoနှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းထောက်များနှင့် အတူတွေ့ဆုံခဲ့ပါသည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဂါဇာတွင် အမြန်ဆုံး အပစ်အခတ် ရပ်စဲရန်၊ အပစ်အခတ်ရပ်စဲစေရေးတွင် ကုလသမဂ္ဂ လုံခြုံကောင်စီ၏ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်” ပန်ကြားချက်နှင့် ပတ်သက်၍ တရုတ်မှ မည်သည့် သဘောထား ရပ်တည်ချက် ရှိသနည်းဟု သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဝမ်ယိက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပန်ကြားချက်ကို တုံ့ပြန်ပြီး ဂါဇာတွင် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အတည်ပြုဆုံးဖြတ်ချက် မူကြမ်းကို ဆက်လက် စိစစ်သော်လည်း အမေရိကန်မှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း၊ မကြာခင်က လုံခြုံရေး ကောင်စီသည် ဂါဇာတွင် ချက်ချင်း အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၇၂၈ကို ပထမဆုံး အကြိမ် အဖြစ် အတည်ပြုခဲ့ကြောင်း၊ ယခုအကြိမ်တွင် အမေရိကန်သည် နိုင်ငံတကာ အကျင့်သိက္ခာနှင့် တရားမျှတမှု၏ ဆန့်ကျင်ဘက်တွင် ဆက်လက် မရပ်တည်ရဲဘဲ ကြားနေမဲ ပေးခဲ့ကြောင်း၊ သိုသော် ၄င်းက ယင်းအတည်ပြု ဆုံးဖြတ်ချက်သည် ဥပဒေ ချုပ်ထိန်းမှု မရှိဟု ပြောကြားကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဝမ်ယိက နိုင်ငံတကာ စည်းမျဉ်း ဥပဒေကို လိုက်နာဆောင်ရွက်ခြင်းသည် ခြွင်းချက် မရှိသလို အမေရိကန်သည် ကင်းလွတ်ခွင့် မရှိကြောင်း၊ အမေရိကန်သည် အထက်စီးမှနေခြင်းကို ပြုပြင်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် အခြားအဖွဲ့ဝင် နိုင်ငံများနှင့် အတူ ထမ်းဆောင်သင့်သည့် နိုင်ငံတကာ တာဝန် ဝတ္တရားများကို ထမ်းဆောင်ကာ ဆုံးဖြတ်ချက် အမှတ် ၂၇၂၈ ကို အားပေးထောက်ခံ၍ ဂါဇာ ကမ်းမြောင်တွင် ဘက်စုံ အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်စေပြီး ပါလက်စတိုင်း ပြည်သူများအား ဆင်းရဲတွင်းမှ ကယ်တင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။