တရုတ်ဈေးကွက်သည် “နှလုံးသားဆန္ဒရှိရာ” ဟု သူတို့ အဘယ်ကြောင့်ဆိုကြသနည်း

(GMT+08:00)2024-04-19 15:15:51  

ယခုနှစ်  တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၇၁ခု မှ ကုန်အမှတ်တံဆိပ်ပေါင်း ၄၀၀၀ ကျော် ပါဝင်ပြသခဲ့ပြီး  ပါဝင်ပြသသော နိုင်ငံခြား ကုမ္ပဏီနှင့် ကုန်အမှတ်တံဆိပ် အရေအတွက်သည် ယခင်နှစ်များထက် ပိုများပြီး ထုတ်ကုန်အသစ် ၁၄၆၂ခုကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပ ကုန်အမှတ်တံဆိပ်ပေါင်း ၈၄ခုကို  ပထမဆုံး အကြိမ် ပြသခဲ့သည်။  ဗြိတိန်၊ မွန်ဂိုလီးယား၊ မလေးရှား အပါအဝင် နိုင်ငံများစွာမှ ကိုယ်စားလှယ် အဖွဲ့များသည် ယင်းကုန်စည်ပြပွဲသို့ ပထမဆုံး အကြိမ် ပါဝင်ပြသခြင်းလည်း ဖြစ်ပါသည်။

နိုင်ငံခြားကုမ္ပဏီများအတွက် တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော စျေးကွက်သည်  အလွန်များပြားသော ဝင်ငွေကို ဆိုလိုသည်။ နိုင်ငံခြားကုမ္ပဏီများ၏အမြင်တွင် တရုတ်စျေးကွက်သည် ၎င်းတို့အား ဆန်းသစ်တီထွင်မှုစွမ်းအားကို ဆက်တိုက်ရရှိစေသည်။ ဒါတင်မကဘဲ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မှု ရှိပြီး ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်က နိုင်ငံခြားကုမ္ပဏီများ၏ အနာဂတ်အတွက် ပြတင်းပေါက်တစ်ခု ဖွင့်ပေးခဲ့ပါသည်။ မကြာသေးမီက နိုင်ငံခြား ကုမ္ပဏီများစွာသည် တရုတ်နိုင်ငံတွင် စတိုးဆိုင်အသစ်များ ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ စားသုံးသူစျေးကွက်၊ ဟိုင်နန်၏ နိုင်ငံတကာ ခရီးသွားနှင့် စားသုံးမှု ဗဟို အချက်အချာ အဖြစ် ရပ်တည်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်းမူဝါဒများသည် ဤနေရာတွင် ကုမ္ပဏီ၏ တိုးချဲ့ ရင်းနှီးလုပ်ကိုင်မှု အတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ကြသည်။

ပြောသင့်ပြောထိုက်သည့် အချက် တစ်ချက်မှာ “နိုင်ငံပေါင်း ၅၉ နိုင်ငံမှ လူများအတွက် ဟိုင်နန်သို့ ဗီဇာကင်းလွတ် ဝင်ရောက်မှု တိုးချဲ့ခြင်း” မူဝါဒကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင် အကောင်အထည် ဖော်ဆောင်ပြီးနောက် နိုင်ငံခြားဧည့်သည် အများအပြားသည် ဤပြပွဲအတွက် ဗီဇာ လျှောက်ထားရန် မလိုအပ်တော့ပေ။ ဤသည်မှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားသို့ အဆင့်မြင့် တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ခြင်း၏ ပုံရိပ်ငယ် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ တံခါးကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရန်  ရှေ့အလားအလာများလည်း ပိုမိုသစ်လွင် ကျယ်ပြန့် လာပါသည်။

     ဤ တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲ ကျင်းပပြီးစီးသည့်နေ့တွင် ကုမ္ပဏီ နှင့် ကုန်အမှတ်တံဆိပ် ၃၆ခုသည် လာမည့်အကြိမ်ပြပွဲတွင် ပါဝင်ရန် ကြိုတင်အတည်ပြု ထားသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူအများစုက မိတ်ဆွေဟောင်းတွေ အတွက်ရော၊ ဖောက်သည်သစ်တွေ အတွက်ပါ တရုတ်ဈေးကွက်က သူတို့ရဲ့ "နှလုံးသားဆန္ဒရှိရာ" ဖြစ်တယ်လို့ ပြောကြပါသည်။