ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံး ဆွေးနွေးပြီး လက်ခံရန် လုံခြုံရေးကောင်စီအား တရုတ်ထောက်ခံ

(GMT+08:00)2024-04-19 15:14:24  

ဧပြီလ ၁၈ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ လက်ရှိအရှေ့အလယ်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် လင်ကျန့်က ပါလက်စတိုင်းကို ကုလသမဂ္ဂ၏ တရားဝင် အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံး ဆွေးနွေးပြီး လက်ခံရန် လုံခြုံရေးကောင်စီအား တရုတ်နိုင်ငံမှ ထောက်ခံကြောင်း၊ ပိုမိုကျယ်ပြန့်သော၊ ဩဇာညောင်းမှုပိုမိုပါရှိသော၊ ပိုမိုထိရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးအစည်းအဝေး ခေါ်ဆိုကျင်းပပြီး နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်းကို အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ အချိန်ဇယားနှင့် လုပ်ငန်းစဉ် ရေးဆွဲချမှတ်ရန် တရုတ်နိုင်ငံမှ ကမ်းလှမ်းကြောင်း ပြောကြားခဲ့ပါသည်။