ဝမ်ယိနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retnoတို့ သတင်းထောက်များနှင့် အတူတွေ့ဆုံ

(GMT+08:00)2024-04-19 13:12:39  

ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဂျာကာတာတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retnoနှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းထောက်များနှင့် အတူတွေ့ဆုံခဲ့ပါသည်။

ဝမ်ယိက အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ တည်ငြိမ်ချောမွေ့စွာ ကျင်းပခဲ့ခြင်း အပေါ် ဂုဏ်ပြုကြောင်း၊ သမ္မတ ဂျိုကိုမှ ပြည်သူများကို ဦးဆောင်ပြီး ထူးချွန်သော ဖွံ့ဖြိုးတိုးတက်ရေး‌ အောင်မြင်မှုများ ရရှိခြင်း အပေါ် ဂုဏ်ပြုကြောင်း၊ ယခုအကြိမ် အင်ဒိုနီးရှား ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန်၊ အင်ဒိုနီးရှား အပေါ် ပြတ်သားသော အားပေးထောက်ခံမှုကို ပြသရန်နှင့် နှစ်နိုင်ငံ ဆက်ဆံမှုတွင် ပိုမိုကြီးမားသည့် တိုးတက်မှုအသစ်များ အဆက်မပြတ် ရရှိနိုင်အောင် တွန်းအားပေးရန် ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်ရေး အစဉ်အလာကို ပြန့်ပွားစေပြီး ကိုယ့်ဝိသေသ ထူးခြားချက် ပါရှိသော ခေတ်မီရေး လမ်းကြောင်း အတိုင်း ကိုယ်စီ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်အောင် အပြန်အလှန် ကူညီဖေးမကာ အဆင့် ပိုမိုမြင့်မားသော တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်၍ နှစ်နိုင်ငံ ဆက်ဆံမှု အတွက် ပိုမို ကောင်းမွန်သော အနာဂတ်ကို ပူးပေါင်း ဖန်တီးပေးရန် မိမိတို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။