တရုတ် ကတိခံဝန်ချက် ချေးငွေစာချုပ် ဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် တိုးမြင့်ရန် ရှေ့အလားအလာ ရှိသည်ဟု တရုတ် အမျိုးသား နိုင်ငံခြား အရန်ငွေ စီမံကွပ်ကဲရေး ဌာနဆို

(GMT+08:00)2024-04-19 13:09:44  

ယခုလ ၁၈ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၄ခုနှစ် ပထမ ၃လပတ်တွင် တရုတ် နိုင်ငံ၏ ငွေကြေးလုပ်ငန်း လည်ပတ်မှုနှင့် နိုင်ငံခြား အရန်ငွေ ဆိုင်ရာ ဝင်ငွေနှင့် ထွက်ငွေ အကြောင်းအရာများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ခဲ့ပါသည်။

၄င်းသတင်းထုတ်ပြန်မှုတွင် တရုတ် အမျိုးသား နိုင်ငံခြား အရန်ငွေ စီမံကွပ်ကဲရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဝမ်ချွန်းရင်းက ပြည်သူ့ဘဏ်နှင့် အမျိုးသား နိုင်ငံခြား အရန်ငွေ စီမံကွပ်ကဲရေး ဌာနတို့သည် ဈေးကွက်ဥပဒေသနှင့်ကိုက်ညီရေး၊ ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေး၊ နိုင်ငံတကာနှင့် တပြေးညီဖြစ်ရေးမူများကို ဆက်လက် စွဲကိုင်ကျင့်သုံးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ပိုမိုလွယ်ကူ အဆင်ပြေစွာ ပါဝင်ဆောင်ရွက်စေရန် အတွက် တရုတ် ချေးငွေစာချုပ် ဈေးကွက်၏ တံခါးဖွင့်မှုကို ခြေလှမ်းမှန်မှန်ဖြင့် တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ချုံငုံကြည့်လျှင် တရုတ် နိုင်ငံသည် ငွေကြေးဈေးကွက်၏ စနစ်ဆိုင်ရာ တံခါးဖွင့်မှု အရည်အချင်းကို ဆက်တိုက် တိုးမြှင့်ပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုများကို ကောင်းမွန်ပြည့်စုံစေရန် ဆောင်ရွက်နေပါသည်။ တရုတ် ချေးငွေစာချုပ် ဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် တိုးမြင့်ရန် ရှေ့အလားအလာ ရှိပါသည်။