ရခိုင်ပြည်နယ် မြို့နယ်တစ်ခုတွင် တိုက်ခိုက်မှုဖြစ်ပွား၍ လူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-19 15:19:33  

မြန်မာနိုင်ငံ နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီမှ ဧပြီလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ရာ  ယခုလ ၁၇ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်ရှိ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်များသည် ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ၄ ဦး သေဆုံးကာ ၁၂ နှစ်အရွယ် ကလေးတစ်ယောက် အပါအဝင် လူ ၈ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံဆေးရုံသို့ ပို့ဆောင် ကုသပေးလျက်ရှိကြောင်း ဖော်ပြခဲ့သည်ဟု Huanqiu ဝက်ဘ်ဆိုက်မှ သတင်းအရသိရပါ သည်။