စတုတ္ထအကြိမ်မြောက် စားသုံးကုန် ကုန်စည်ပြပွဲ ပြီးမြောက်ပြီး သမိုင်းစံချိန်တင်

(GMT+08:00)2024-04-19 15:14:02  

စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲသည် ဧပြီလ ၁၈ရက်နေ့က ပြီးမြောက်ခဲ့ကြောင်း၊ ယခုအကြိမ် စားသုံးကုန် ကုန်စည်ပြပွဲသည် ကျွန်းတစ်ခုလုံး၌ ပထမဦးဆုံး ပြပွဲကျင်းပခြင်းပုံစံဖန်တီးခဲ့ပြီး တစ်ကမ္ဘာလုံး စားသုံးမှု ဆန်းသစ်တီထွင်ရေး လှုပ်ရှားမှု ၆၀၀ကျော်ပြသခဲ့ကာ ပါဝင်သောနိုင်ငံနှင့် ကုန်အမှတ် တံဆိပ်လည်း သမိုင်းစံချိန်တင်ခဲ့ကြောင်း၊ RCEP နိုင်ငံ ၁၂နိုင်ငံတို့သည် ပြပွဲကို ပါဝင်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံ၏ ၈၀ရာခိုင်နှုန်းရှိကာ “Belt and Road” အတူတည်ထောင်ရေးနိုင်ငံများမှ ကုမ္ပဏီများလည်း တက်ကြွစွာပါဝင်ကြ၍ နိုင်ငံတကာ တစ်ပြေးညီ ဖြစ်တည်မှု အဆင့်အတန်း မြင့်တက်လာကြောင်း၊ စားသုံးကုန် ကုန်စည်ပြပွဲအတောအတွင်း ကုန်ပစ္စည်းသစ် စုစုပေါင်း ၁၄၀၀ကျော် မိတ်ဆက်ခဲ့ပြီး ပြီးခဲ့သည့်အကြိမ် စားသုံးကုန် ကုန်စည်ပြပွဲထက် ၄၅ ရာခိုင်နှုန်း တိုးများလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။