စီးပွားရေးဆက်တိုက်ပြန်လည်မြင့်တက်ကောင်းမွန်စေရန် နည်းလမ်းမျိုးစုံဖြင့် တွန်းအားပေး

(GMT+08:00)2024-04-18 16:35:08  

ဧပြီလ ၁၇ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ လက်ရှိစီးပွားရေးအခြေအနေနှင့် သက်ဆိုင်ရာ မူဝါဒများကို ရှင်းလင်းဖော်ပြရာတွင် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ သက်ဆိုင်ရာတာဝန်ခံက စီးပွားရေး ဆက်တိုက်ပြန်လည်မြင့်တက် ကောင်းမွန်စေရန် နည်းလမ်းမျိုးစုံဖြင့် တွန်းအားပေးမည်ဖြစ်ကြောင်း၊ Macro မူဝါဒ ကျင့်သုံးဆောင်ရွက်မှုကို အားဖြည့်ပြီး လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံရေး၊ သုံးစွဲရေး၊ အလုပ် အကိုင်နေရာချထားရေး နှင့် ဈေးနှုန်းစသောနယ်ပယ်ဆိုင်ရာမူဝါဒများကို တွဲဖက်ဆောင်ရွက် ကာ စက်ကိရိယာများ အသစ်လဲရေး နှင့် လူသုံးကုန်ပစ္စည်း အဟောင်းဖြင့် အသစ်ရယူရေး စသော အရေးကြီးစီမံကိန်းများကို အကောင်အထည်ဖော်ရန် ပိုမိုလျင်မြန်စွာတွန်းအားပေး‌မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။