တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ကောင်းမွန်သော အစတစ်ခုပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု ဆက်လက်ကြီးထွားလာခဲ့

(GMT+08:00)2024-04-18 16:34:44  

ဧပြီလ ၁၆ ရက်နေ့တွင် တရုတ်အမျိုးသားစာရင်းအင်းဌာနမှ ယခုနှစ် ပထမသုံးလပတ်အတွင်း အမျိုးသား စီးပွားရေး လည်ပတ်မှု ဆိုင်ရာ အဓိကအချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက် နာလန်ပြန်ထူပြီး တိုးတက်လာနေကြောင်း ပြသနေသည်။ သို့သော် တစ်ချိန်တည်းတွင် အနောက်တိုင်းမီဒီယာအချို့သည် ညွှန်းကိန်းအချို့၏ စွမ်းဆောင်ရည်နည်းမှုနှင့် ပတ်သက်၍ စိုးရိမ်ဆဲဖြစ်ပြီး တရုတ်နိုင်ငံသည် ယခုနှစ်တွင် ၎င်း၏ တိုးတက်မှု ရည်မှန်းချက် ၅ ရာခိုင်နှုန်းခန့် အောင်မြင်နိုင်မည့်အပေါ် သံသယရှိနေသေးကြောင်း ဖော်ပြကြသည်။ ယင်းနှင့် ပတ်သက်ပြီး ဧပြီလ ၁၇ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Lin Jian က တရုတ်နိုင်ငံ၏ စီးပွားရေး ကိန်းဂဏန်းများသည် ဆက်ပြီး ပြန်တက်လာကာ တည်ငြိမ်သော တိုးတက်မှုများ ရှိခဲ့၍ ဒီနှစ်တွင် ကောင်းမွန်သော စတင်မှု ရရှိခဲ့သည်ဟု ပြောကြားခဲ့ပါသည်။