တရုတ်နိုင်ငံအပေါ် အမေရိကန်မှ ၃၀၁ စုံစမ်းစစ်ဆေးမှုစတင်ခြင်းနှင့်ပတ်သက်ပြီး တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်

(GMT+08:00)2024-04-18 16:48:55  

တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှသတင်းအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ တရုတ်နိုင်ငံအပေါ် ၃၀၁ စုံစမ်းစစ်ဆေးမှု စတင်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အကြောင်းအရာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 အမေရိကန် စံတော်ချိန် ဧပြီလ ၁၇ ရက်နေ့က အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ တရုတ်နိုင်ငံ၏ အဏ္ဏဝါရေးရာ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက် ရေးလုပ်ငန်းများကို ၃၀၁ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ တရုတ်နိုင်ငံက ၎င်းကို ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း သိရပါသည်။

လက်တွေ့အဖြစ်မှန်များနှင့် ဘက်ပေါင်းစုံစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး ၎င်း၏မှားယွင်းသောဆောင်ရွက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို အခြေခံထားသည့် ဘက်ပေါင်းစုံကုန်သွယ်မှုစနစ်သို့ ပြန်လာရန် အမေရိကန်အား တရုတ်နိုင်ငံက တိုက်တွန်းထားသည်။ တရုတ်နိုင်ငံသည် စုံစမ်းစစ်ဆေးမှုဖြစ်စဉ်ကို အလေးအနက် ဂရုစိုက်မည်ဖြစ်ပြီး ကိုယ့်နိုင်ငံ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ရန် လိုအပ်သည့် အစီအမံများအားလုံးကို လုပ်ဆောင်မည်ဖြစ်သည်။