တရုတ်နိုင်ငံ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ဌာနသည် ပျောက်ဆုံးသွားသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၃၈ ခုကို အမေရိကန်နိုင်ငံမှ အောင်မြင်စွာ ပြန်လည် ရယူ

(GMT+08:00)2024-04-18 16:49:22  

ဧပြီလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းဌာနသည် ပျောက်ဆုံးသွားသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၃၈ ခုကို အမေရိကန်နိုင်ငံမှ အောင်မြင်စွာ ပြန်လည် ရယူခဲ့ပါသည်။ ယင်းပြန်လည်ပေးအပ်ပွဲကို နယူးယောက်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပခဲ့ပါသည်။ နယူးယောက်မြို့ မန်ဟက်တန်မြို့နယ်ရှိ ရှေ့နေရုံးသည် သိမ်းဆည်းရမိသော တရုတ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၃၈ ခုကို တရုတ်နိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ပဏာမ အကဲဖြတ်ချက်အရ အဆိုပါ ရှေဟောင်းယဉ်ကျေးမှုပစ္စည်းအများစုသည် မင်နှင့်ချင်း မင်းဆက်ခေတ်မှ တရုတ်နိုင်ငံ ဇန့် ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများဖြစ်ပြီး ဘုရားပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဘာသာ အဆင်တန်ဆာများစသည့် အမျိုးအစားများ ပါဝင်ပါသည်။ ၎င်းတို့သည် အမျိုးအစားများပြီး ကောင်းမွန်စွာ ထိန်းသိမ်းမှုရှိ၍ အရေးပါသော သမိုင်းဝင်၊ အနုပညာနှင့် သိပ္ပံပညာ ဆိုင်ရာ တန်ဖိုးများ ရှိပါသည်။