အင်ဒိုနီးရှားနိုင်ငံ မြို့တော်၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၄၀၀၀ နီးပါးရှိလာ

(GMT+08:00)2024-04-18 16:49:48  

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ကျန်းမာရေးဌာနမှ ယခုလ ၁၇ ရက်နေ့ထုတ်ပြန်သည့် အချက်အလက်များအရ ဧပြီလ ၁၆ ရက်နေ့အထိ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာ ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၃၈၇၅ ဦးရှိပြီး ၄င်းထဲမှ ၆ ဦးသေဆုံးခဲ့သည်ဟု သတင်းအရသိရပါသည်။