ကန်သည် ပါလက်စတိုင်းအား ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင်အဖြစ် ရရှိရန် ကန့်ကွက်ခြင်းကို ပါလက်စတိုင်းသမ္မတ ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-04-18 17:23:41  

ဧပြီလ၁၈ရက်နေ့တွင် ပါလက်စတိုင်းသတင်းအေဂျင်စီမှ ထုတ်ပြန်သောကြေညာချက် ၌ ပါလက်စတိုင်းသမ္မတသည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် Linda Thomas-Greenfield ၏ ပြောဆိုချက်ကို ပြစ်တင်ရှုတ်ချပါသည်။ Linda Thomas- Greenfield က ပါလက်စတိုင်းသည် ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင်အဖြစ် ရရှိခြင်းမှာ ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှုဆိုင်ရာ နှစ်နိုင်ငံကိုင်တွယ်ဖြေရှင်းရေး အဆိုပြုချက်ရရှိရန်အတွက် အကျိုး မရှိကြောင်း၊ ပါလက်စတိုင်းအား ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင်အဖြစ် ရရှိရန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။