တရုတ်-မြန်မာ နယ်စပ်ဒေသ တရုတ်ဘက်တွင် ကျည်ဆန်အစစ်ဖြင့် လေကြောင်းရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၁၇ရက်နေ့မှစတင် ပြုလုပ်

(GMT+08:00)2024-04-17 14:04:39  

    နှစ်စဉ်စစ်ရေးလေ့ကျင့်မှုစီမံကိန်းအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်သည် စစ်နယ်မှ တပ်ဖွဲ့များ၏ ကင်းထောက်ခြင်းနှင့် ကြိုတင်သတိပေး ခြင်း၊ အထွေထွေပိတ်ဆို့ထိန်းချုပ်ခြင်း၊ သတိပေးတားမြစ်ခြင်းနှင့် နှင်ထုတ်ခြင်း၊ လေကြောင်းရန် ကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်း စွမ်းရည်များကို စစ်ဆေးရန်အတွက် ကြည်းတပ်နှင့် လေတပ်များကို စုစည်းပြီး ဧပြီလ ၁၇ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဒေသ တရုတ်ဘက်တွင် ကျည်ဆန်အစစ်ဖြင့် လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ပါသည်။ စစ်နယ်မှ တပ်ဖွဲ့များသည် အရေးပေါ်အခြေအနေ အမျိုးမျိုးကို ရင်ဆိုင် တုံ့ပြန်ရန် အမြဲတမ်းအသင့်ရှိနေပြီ ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်စည်းစိမ် လုံခြုံရေးတို့ကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းမည် ဖြစ်ပါသည်။