ကုလသမဂ္ဂအစည်းအဝေးအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး၏ လှုပ်ရှားမှုများကို အမေရိကန်က ကန့်သတ်မည်ဟုသက်ဆိုင်ရာပုဂ္ဂိုလ်ဆို

(GMT+08:00)2024-04-17 13:56:03  

အမေရိကန်သည် အီရန်နိုင်ငံခြားရေးဝန်ကြီး Abdollahian နှင့် ၎င်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ယခုသီတင်းပတ်အတွင်း နယူးယောက်၌ လှုပ်ရှားမှုများကို ကန့်သတ်ချက်ထားမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသစံတော်ချိန် ဧပြီလ ၁၆ ရက်နေ့တွင် CNN က ဖော်ပြခဲ့သည်။

အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ Abdollahian နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ်တို့၏ တရားဝင်နေထိုင်ရာနေရာအနီးရှိ လမ်းရပ်ကွက်တစ်ချို့ကိုသာ သွားလာလှုပ်ရှားနိုင်ပြီး အီရန်ကိုယ်စားလှယ်များကို သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း နယူးယောက် JFK အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရန်လည်း တောင်းဆိုထားကြောင်း သိရပါသည်။