ဝမ်ယိသည် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ပါပူဝါနယူးဂီနီနိုင်ငံများသို့ ခရီးလှည့်လည်မည်

(GMT+08:00)2024-04-17 14:10:49  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို ကော်မတီ နိုင်ငံခြား ရေးရာလုပ်ငန်း ကော်မရှင်ရုံး  ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖိတ်ကြားချက်အရ ဧပြီလ ၁၈ရက်နေ့မှ ၂၃ရက်နေ့အထိ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ပါပူဝါနယူးဂီနီနိုင်ငံများသို့ သွားရောက်ပြီး တရုတ်-အင်ဒိုနီးရှားအဆင့်မြင့်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးနှင့် တရုတ်-ကမ္ဘောဒီးယား အစိုးရအကြား ညှိနှိုင်းရေးကော်မတီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေးများကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။