ဂါဇာမြို့အရှေ့ပိုင်းရှိ နေအိမ်တစ်လုံးကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေ

(GMT+08:00)2024-04-17 13:57:03  

ဒေသစံတော်ချိန် ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် ပါလက်စတိုင်း ရုပ်မြင်သံကြားဌာန နှင့် Al Jazeera ရုပ်မြင်သံကြားဌာနတို့မှ သတင်းများအရ ဂါဇာမြို့အရှေ့ပိုင်းShujaiyaမြို့နယ်ရှိ လူနေအိမ်တစ်လုံးအား အစ္စရေးစစ်တပ်မှ လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံ အရပ်ဘက်ကာကွယ်ရေးဌာနက ပြောသည်။