တရုတ် စီးပွားရေး၏ တကယ့် အခြေအနေကို ရှုထောင့် ၃ခုမှ သိရှိနားလည်

(GMT+08:00)2024-04-17 13:51:08  

တရုတ် နိုင်ငံ ဟိုင်နန်တွင် ကျင်းပလျက်ရှိသော စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲသည် တစ်ကမ္ဘာလုံး နိုင်ငံနှင့် ဒေသ ၇၁ခုမှ ကုန်အမှတ်တံဆိပ် ၄၀၀၀ကျော်ကို ပါဝင်ပြသရန် ဆွဲဆောင်ပါသည်။ ယင်းသည် တရုတ် စီးပွားရေး နာလန်ပြန်ထူပြီး ကောင်းမွန်လာနေသည့် သက်ဝင်လှုပ်ရှားသော သက်သေအထောက် အထား ဖြစ်ပါသည်။

ယခုလ ၁၆ရက်နေ့က တရုတ် အစိုးရမှ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၃လပတ်တွင် တရုတ် နိုင်ငံ၏ ဂျီဒီပီ ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၃ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။ ယခုအချိန်တွင်ပင် ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholzသည် တရုတ် နိုင်ငံမှာ ခရီးလှည့်လည်နေပါသည်။ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်မှတစ်ဆင့် Scholzနှင့် ဥရောပ သမဂ္ဂတို့သည် တရုတ် စီးပွားရေး၏ တကယ့် အခြေအနေကို သိရှိချင်ကြောင်း ပညာရှင် အချို့က ယူဆသည်ဟု ဟောင်ကောင် မီဒီယာက ဖော်ပြပါသည်။ အဆိုပါ စာရင်းသည် ၄င်းတို့ အတွက် အဖြေကို ထောက်ပံ့ပေးနေပါသည်။

တရုတ် စီးပွားရေး၏ တကယ့် အခြေအနေကို ရှုထောင့် ၃ခုမှ သိရှိနားလည်ပါ။

    ပထမအချက်က စားသုံးမှုသည် တရုတ် စီးပွားရေး အတွက် အဓိက အချက် ဖြစ်မြဲဖြစ်နေသေးပြီး ဈေးကွက် အလားအလာ များစွာ ရှိပါသည်။ ယခုနှစ် ပထမ ၃လပတ်တွင် စားသုံးကုန် လက်လီရောင်းချမှု စုစုပေါင်း ပမာဏသည် ၄.၇ရာခိုင်နှုန်း တိုးလာပြီး ဝန်ဆောင်မှု ဆိုင်ရာ လက်လီရောင်းချမှု ပမာဏသည် ၁၀ရာခိုင်နှုန်း တိုးလာကာ စားသုံးသူများ၏ အဆင့်မြှင့်တင်သည့် စားသုံးမှုမျိုးများ ဆက်တိုက် ကောင်းမွန်လာပါသည်။

ဒုတိယ အချက် ကတော့ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားသစ်များ ဖော်ဆောင်ပေးနေပါသည်။ ယခုနှစ် ပထမ ၃လပတ်၏ စီးပွားရေး စာရင်း အရ စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်မှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၉.၂ရာခိုင်နှုန်း တိုးလာကြောင်း၊ နေစွမ်းအင် ဘက်ထရီ ထုတ်လုပ်မှု ပမာဏသည် ၂၀.၁ရာခိုင်နှုန်း တိုးလာကြောင်း၊ ဝန်ဆောင်မှု စက်ရုပ် ထုတ်လုပ်မှု ပမာဏသည် ၂၆.၇ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။ တစ်ချိန်တည်းတွင် လုပ်ငန်းပုံစံသစ်များနှင့် ပုံစံသစ်များလည်း အဆက်မပြတ် ပေါ်ပေါက်လာပါသည်။

တတိယ အချက်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် မျှော်လင့်ချက်နှင့် ဦးတည်ချက် သည် အလွန် အရေးကြီးပါသည်။ ယင်းသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြား အားသာချက် တစ်ခု ဖြစ်ပါသည်။ Goldman Sachsနှင့် Citigroupစသည့် ကုမ္ပဏီကြီးများက ယခုနှစ် တရုတ် စီးပွားရေးသည် ကောင်းမွန်သည့် အစပြုမှု ရရှိကြောင်း မကြာခင်က အသီးသီး ဖော်ပြပြီး ၂၀၂၄ခုနှစ် တရုတ် စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်းကို တိုးမြှင့်ခဲ့ပါသည်။

တရုတ် နိုင်ငံက တရုတ် ပုံစံ ခေတ်မီရေးဖြင့် ကမ္ဘာ အတွက် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးပြီး နိုင်ငံ အသီးသီးမှ လုပ်ငန်း ကုမ္ပဏီများ အတွက် ပိုမို ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာများကို ဖန်တီးပေးလိုကြောင်း ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပါသည်။