တရုတ်-ဂျာမဏီ သဘောတူညီချက်များသည် အနောက်နိုင်ငံများ၏ မူမမှန်သော အသံများ အပေါ် အားကောင်းသော တုံ့ပြန်မှုဖြစ်

(GMT+08:00)2024-04-17 15:39:49  

ယခုလ ၁၆ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းတွင် ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံနှုတ်ဆက် ရာတွင် Scholzက တရုတ် နိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံမှုကို ဆက်လက် အားဖြည့်ပြီး နယ်ပယ် အသီးသီးတွင် ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများကို နက်ရှိုင်း စေလိုကြောင်း ပြောကြားခဲ့ပါသည်။ နှစ်ဖက်တို့က လွတ်လပ်စွာ ကုန်သွယ်မှုနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးထောက်ခံပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကာ ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်လို ကြောင်း ဖော်ပြခဲ့ကြပါသည်။ ယင်းသည် တရုတ်နှင့် ဂျာမဏီ နှစ်နိုင်ငံတို့က အရေးကြီးသည့် အရေးကိစ္စရပ်များ အပေါ် နီးစပ်သော သဘောထား ရပ်တည်ချက် ရှိပြီး ကမ္ဘာ အတွက် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် သေချာမှုများကို လက်တွဲဖော်ဆောင်ပေးနိုင်ကြောင်း ပြဆိုနေပါသည်။

မကြာခင် နှစ်များက တစ်ကမ္ဘာလုံးတွင် ပထဝီ အနေအထားအရ နိုင်ငံရေး အနေအထား နက်ရှိုင်းစွာ ပြောင်းလဲလာပြီး တရုတ်-ဂျာမဏီ ဆက်ဆံမှုသည် စိန်ခေါ်မှုများကို ရင်ဆိုင်နေရ ပါသည်။ ယခုအကြိမ် Scholz၏ တရုတ် နိုင်ငံ ခရီးစဉ် အပေါ် နိုင်ငံရေး ဆိုင်ရာ မူမမှန်သော အသံများ ရှိပါသည်။ သို့သော် ၄င်း၏ တရုတ် နိုင်ငံ ခရီးစဉ် အစီအစဉ်များ ဖြစ်ဖြစ်၊ တရုတ် ဈေးကွက်တွင် တစ်ဆင့်တိုး လုပ်ကိုင်ဆောင်ရွက်လိုကြောင်း ဂျာမဏီ လုပ်ငန်း ကုမ္ပဏီ နယ်ပယ်မှ ဖော်ပြချက် ဖြစ်ဖြစ် တရုတ်-ဂျာမဏီ ဆက်ဆံမှု၏ အခြေခံ အုတ်မြစ်က ခိုင်မာမြဲ ခိုင်မာနေသေးပြီး ဂျာမဏီ အစိုးရက တရုတ် နိုင်ငံ အပေါ် ဆင်ခြင်မှု ရှိပြီး လက်တွေ့ဆန်သော မူဝါဒကို ကျင့်သုံးနေသေးခြင်း ဖြစ်ကြောင်း ဖော်ပြပါသည်။

တရုတ်-ဂျာမဏီ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်တို့ အတွက်ရော၊ ကမ္ဘာ အတွက်ပါ အကျိုးရှိပါသည်။ နှစ်နိုင်ငံ အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုသည် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမိုကြီးမားစွာ အကျိုးပြုပြီး ကမ္ဘာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ပေးသည့် မူမမှန်သော အသံများကို ပပျောက်စေ နိုင်မည် ဖြစ်ပါသည်။