မြန်မာဘက်အသီးသီးတို့ အပစ်အခတ်ရပ်စဲရန် တရုတ် ပန်ကြား

(GMT+08:00)2024-04-17 14:11:33  

       ဧပြီလ ၁၆ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ လွန်ခဲ့သည့်သီတင်းပတ် က မြန်မာနိုင်ငံအစိုးရသည် အရေးကြီးသောနယ်စပ်မြို့ဖြစ်သည့် မြဝတီကို ထိန်းချုပ်ခွင့် ဆုံးရှုံးမှုအပေါ် တရုတ်နိုင်ငံအနေနှင့် မည်သို့သော သဘောထားရှိသနည်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာအစိုးရ၏ နယ်မြေဆုံးရှုံးမှုကြောင့် အသာစီးရ နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပိုမိုပွင့်လင်းစွာ ဆက်သွယ်မည်နည်းဆိုသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားရာတွင် လင်ကျန့်က မိမိတို့သည် သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို သတိပြုမိကြောင်း၊ အခြေအနေ တင်းမာမှု အရှိန်မမြင့်စေရန်အတွက် တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့အား အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် ငြိမ်းချမ်းသော နည်းလမ်းဖြင့် သဘောကွဲလွဲမှုကို ဖြေရှင်းရန် ပန်ကြားကြောင်း ပြောကြားခဲ့ပါသည်။