Lee Hsien Loong သည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် စင်ကာပူ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်မည်

(GMT+08:00)2024-04-17 13:59:44  

မေလ ၁၅ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ပြီးနောက် ၀န်ကြီးချုပ် Lee Hsien Loong သည် အစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Lawrence Wong သည် ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

Lee Hsien Loong ကရာထူးမှ နုတ်ထွက်ပြီးနောက် အစိုးရအဖွဲ့သစ်တွင် အပြောင်းအလဲများစွာရှိမည် မဟုတ်ကြောင်းခန့်မှန်းထားကာ Lawrence Wong ကျမ်းသစ္စာမကျိန်ဆိုမီ ရက်အနည်းငယ်အလိုတွင် စာရင်းအပြည့်အစုံကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ Lawrence Wong သည် မေလ ၁၅ ရက်နေ့တွင် စင်ကာပူ၏ စတုတ္ထမြောက် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။