ဒူဘိုင်း၌ ရွှေစင် အထိမ်းအမှတ် ငွေစက္ကူကို ထုတ်ဝေ

(GMT+08:00)2024-04-17 14:13:07  

ဒေသစံတော်ချိန် ဧပြီလ ၁၅ရက်နေ့က အာရပ်စော်ဘွားများနိုင်ငံမှ ကုမ္ပဏီတစ်ခုသည် ဒူဘိုင်း၌ 24K ရွှေသားငွေစက္ကူများကို ထုတ်ဝေခဲ့ပါသည်။ ငွေစက္ကူတိုင်း၏အလေးချိန်သည် ၀.၁ ဂရမ်ရှိပါသည်။ ဒူဘိုင်းရှုခင်းသာကို ပုံနှိပ်ထားသော ငွေစက္ကူသည် အစိုးရပိုင်းမှ ထုတ်ဝေသော ငွေစက္ကူမဟုတ်ဘဲ ဝယ်ယူသူများအား အမှတ်တရ လက်ဆောင် ပစ္စည်း အဖြစ် ရောင်းချမည် ဖြစ်သည်။