ဗြိတိန်၏ အစီရင်ခံစာ ဆိုတာ အဖြစ်မှန်ကို လျစ်လျူရှုပြီး အမှားအမှန်ကို ပြောင်းပြန်လုပ်ခြင်းပင် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-04-17 13:49:43  

     ဧပြီလ ၁၆ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။ ဗြိတိန်အစိုးရက ဧပြီလ ၁၅ ရက်နေ့တွင် ဟောင်ကောင်အရေး နှစ်ဝက်တာ အစီရင်ခံစာ ဆိုတာကို ထုတ်ပြန်ပြီး ဟောင်ကောင်ရေးရာကို အရမ်းကာရော ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် လင်ကျန့်က ဗြိတိန်၏ အစီရင်ခံစာ ဆိုတာ အဖြစ်မှန်ကို လျစ်လျူရှုပြီး အမှားအမှန်ကို ပြောင်းပြန်လုပ်ခြင်းပင် ဖြစ်ကာ ဟောင်ကောင်ရေးရာနှင့် တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံတကာဥပဒေမူများနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေခံမူများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။

   လင်ကျန့်က ဟောင်ကောင်ရေးရာသည် တရုတ်ပြည်တွင်းရေး သက်သက် ဖြစ်ကြောင်း၊ ဗြိတိန် အနေနှင့် ဟောင်ကောင်သည် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်း ၂၇ နှစ် နီးပါး ရှိသည့် အခြေခံ အဖြစ်မှန်ကို လေးစားပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်နိုင်ငံတော်လုံခြုံမှုကို ဖျက်ဆီးသော ရာဇဝက်ကောင်များနှင့် ဟောင်ကောင်ရှုပ်အောင် ပြုလုပ်သူများအား အားပေးအားမြှောက်ပြုခြင်းနှင့် အကာအကွယ်ပေးခြင်းတို့ကို ရပ်တန့်ရမည်ဟု မိမိတို့ တည်ကြည်လေးနက်စွာ သတိပေး တိုက်တွန်းပါကြောင်း ပြောကြားပါသည်။