စွမ်းအင်သစ်သုံးကားများ ကွမ်တုန်းကုန်စည်ပြပွဲတွင် အာရုံစူးစိုက်မှုခံရ

(GMT+08:00)2024-04-17 14:07:28  

ဧပြီလ ၁၅ ရက်နေ့က ၁၃၅ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်တုန်း ကုန်စည်ပြပွဲ)ကို စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ကွမ်တုန်းကုန်စည်ပြပွဲ ပထမအဆင့် ပြပွဲကို “အဆင့်မြင့် ကုန်ထုတ်လုပ်မှု” ဆောင်ပုဒ်ဖြင့် ဧပြီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ စွမ်းအင်သစ်သုံးကားများနှင့် စမာ့ ခရီးသွား ပြခန်းအား ဝယ်ယူသူများ အထူးစိတ်ဝင်စားကြပါသည်။ တရုတ်နိုင်ငံထုတ်လုပ်သည့် စွမ်းအင်သစ်သုံး ကားများ "နိုင်ငံရပ်ခြား သို့တင်ပို့ခြင်း"ကို တွန်းအားပေးရန် နိုင်ငံရပ်ခြားဝယ်သူများအတွက် စွမ်းအင်သစ်သုံးကား ဆိုင်ရာ အထူးအော့ဖ်လိုင်း လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ပါသည်။