Wang Yong သည် World Internet Conference Digital Silk Road Development Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

(GMT+08:00)2024-04-17 14:03:02  

World Internet Conference Digital Silk Road Development Forum ကို ယခုလ ၁၆ ရက်နေ့က ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဖွင့်လှစ်ခဲ့ရာ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒု ဥက္ကဋ္ဌ Wang Yong သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

Wang Yong က ယခုအကြိမ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဒစ်ဂျစ်တယ်ပိုးလမ်းမကြီး ဖွံ့ဖြိုးရေးဖိုရမ်သည် "Belt and Road"အတူတည်ဆောက်ရေး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးမှုမြှင့်တင်ရန် တွန်းအားသစ်ထည့်သွင်းရုံသာမက နိုင်ငံတကာစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် ပလက်ဖောင်းသစ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ ပါသည်။

ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ် သည် “အပြန်အလှန်ဆက်သွယ်ပြီး အတူတကွစည်ပင်သာယာကြ” ဖြစ်ပြီး နိုင်ငံနှင့်ဒေသ ၅၀ နီးပါးမှ ဧည့်သည်များအား ဆွဲဆောင်ခဲ့သည်ဟု သတင်းအရသိရပါသည်။