နယ်သာလန်နိုင်ငံ Eindhoven မြို့တွင် ငရုတ်သီးအစားပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် တော်တော်များများက အစပ်အရသာကို စားပြီးနောက် ငိုကြွေးခဲ့ကြ

(GMT+08:00)2024-04-17 14:08:51  

ဒေသစံတော်ချိန် ဧပြီလ ၁၄ ရက်နေ့က နယ်သာလန်နိုင်ငံ Eindhoven မြို့တွင် ငရုတ်သီး အစားပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ ဒတ်ခ်ျငရုတ်ကောင်းပွဲတော်သည် နှစ်စဉ်လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိပြီး ပြိုင်ပွဲဝင်များသည် အပူဆုံးငရုတ်သီးကို စားရင်း ချွေးများထွက်ကာ ငိုယိုကြပါသည်။ ပွဲတော်ကျင်းပစဉ်အတွင်း ငရုတ်သီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း  ရောင်းချပါသည်။