ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထား နှစ်ဝက်ကြာ လည်ပတ်ပြီးနောက် ခရီးသည်ပေါင်း ၂.၅၆သန်း ပို့ဆောင်

(GMT+08:00)2024-04-17 13:58:03  

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထား တရားဝင် လည်ပတ်ခြင်း နှစ်ဝက်ကြာပြီးနောက် ခရီးသည်ဦးရေ အားကောင်းစွာ တိုးများလာပြီး ခရီးသည် စုစုပေါင်း ၂.၅၆သန်း ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ရက်အတွင်း ခရီးသည် ပို့ဆောင်မှုနှုန်း အများဆုံး ၉၉.၆ ရာခိုင်နှုန်း ရှိခဲ့ပြီး စုစုပေါင်း ကီလိုမီတာ  ၁.၂၆ သန်းကျော် လုံခြုံစွာ ခုတ်မောင်းပြေးဆွဲကာ လုံခြုံ တည်ငြိမ်ပြီး စနစ်နကျ လည်ပတ်နေကြောင်း ဧပြီလ ၁၇ ရက်နေ့က China Railway International Co., Ltdမှ သတင်းအရ သိရပါသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် နာမည်ကြီး ခရီးသွားမြို့ ဘန်ဒေါင်းကို ချိတ်ဆက်ပြီး အမြန်ဆုံး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ ပြေးဆွဲကာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား စတင် လည်ပတ်လာခဲ့ပြီးနောက် ဂျကာတာမြို့ မှ ဘန်ဒေါင်းမြို့သို့ သွားရန် အရင်က ၃ နာရီကျော်မှ ၄၆ မိနစ်အထိ လျော့နည်းလာကြောင်း သတင်းအရ သိရပါသည်။