တရုတ် အရေးကြီး နိုင်ငံတော် မဟာဗျူဟာနှင့် အဓိက နယ်ပယ်များတွင် လုံခြုံမှု ဆိုင်ရာ စွမ်းရည် ထူထောင်ရေး လုပ်ဆောင်မှု စီမံကိန်းကို လေ့လာ ပြီး ရေ:ဆွဲချမှတ်ခဲ့ကြောင်း အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်ဆို

(GMT+08:00)2024-04-17 17:03:11  

    ယခုလ ၁၇ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ လျူစူးရှဲ့က လက်ရှိတွင် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် သက်ဆိုင်ရာတို့သည် အရေးကြီး နိုင်ငံတော် မဟာဗျူဟာနှင့် အဓိက နယ်ပယ်များတွင် လုံခြုံမှု ဆိုင်ရာ စွမ်းရည် ထူထောင်ရေး လုပ်ဆောင်မှု စီမံကိန်းကို လေ့လာပြီး ရေ:ဆွဲချမှတ်ခဲ့ကြောင်း၊ ၄င်းစီမံကိန်းကို ခွင့်ပြုချက် ရရှိပြီး စတင် ဖော်ဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။