တရုတ်-လာအို မီးရထားများ အရှိန်ပိုမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရန် တရုတ် မျှော်လင့်

(GMT+08:00)2024-04-16 14:56:50  

ဧပြီလ ၁၅ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က တရုတ်နှင့်လာအိုတို့ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ၂၀၂၄ခုနှစ် ဧပြီလ ၁၃ရက်နေ့မှစ၍ သောကြာနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တိုင်း ရှစ်ဆောင်ပဏ္ဏားနှင့် Luang Prabang အကြား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား တိုးလာကြောင်း၊ ယင်းသည် တရုတ်-လာအို မီးရထားလမ်း တစ်လျှောက်လုံး ခရီးသွားလုပ်ငန်းကို ထွန်းကားစေပြီး သုံးစွဲမှုကို နှိုးစွစေကာ တရုတ်-လာအို လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသည်ဟု ပြဆိုကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

လင်းကျန့်က တရုတ်-လာအို မီးရထားလမ်းသည် နှစ်နိုင်ငံ ကံကြမ္မာတူညီပြီး အပြန်အလှန် အောင်မြင်မှုများမျှဝေသည့် လှပသောသရုပ်ကို သက်သေပြသည့်အပြင် တရုတ်- လာအို နှင့် နီးစပ်သော အာဆီယံနိုင်ငံများအတွက် တံခါးဖွင့်ပြီး ဖွံ့ဖြိုးတိုးတက်သော သမိုင်းဝင် အခွင့်ကောင်းကို ဆောင်ကြဉ်းလာကြောင်း၊ တရုတ်-လာအို မီးရထားများ အရှိန်ပိုမြင့်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ အချင်းချင်းဆက်သွယ်ကာ ဖွံ့ဖြိုးတိုးတက်မှု အချင်းချင်း ပေါင်းစပ်သော ပန်းချီကို ရေးဆွဲနိုင်ရန် မိမိတို့ မျှော်လင့်ကြောင်း ပြောကြားပါသည်။