ဟောင်ကောင်အရေးကိစ္စကို အနှောင့်အယှက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ ရပ်စဲရန် ဗြိတိန်နိုင်ငံအား ဟောင်ကောင်အခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတိပေးပြောကြား

(GMT+08:00)2024-04-16 14:55:00  

ဗြိတိန်အစိုးရသည် “ဟောင်ကောင်ပြဿနာဆိုင်ရာ နှစ်ဝက်အစီရင်ခံစာ”ဟူသည်ကို ထပ်မံထုတ်ပြန်ခဲ့ရာ လှည့်ကွက်ဟောင်းကို ထပ်ခါတလဲလဲ ပြုလုပ်ပြီး “တရုတ်-ဗြိတိန်ပူးတွဲ ကြေညာစာတမ်း”ကို အကြောင်းပြကာ “နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး”ကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့ခြင်း၊ ဟောင်ကောင် ဆိုင်ရာ အမျိုးသား လုံခြုံရေးဥပဒေ၊ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းရေးစည်းမျဉ်းဥပဒေနှင့် ရွေးချယ်တင်မြှောက်ရေးစနစ်သစ်တို့ကို မသမာသော ရည်ရွယ်ချက်ဖြင့် ပုတ်ခတ်ပြောဆိုခဲ့ခြင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ တရားရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဝင်ရောက်စွက်ဖက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဟောင်ကောင်အခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှ ပြောရေးဆိုခွင့် ရှိသူက ဧပြီလ ၁၅ရက်နေ့တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါသည်။

    ဟောင်ကောင်အခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင် ဖြစ်ပြီး ဟောင်ကောင်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စ ဖြစ်ကြောင်း၊ ခေတ်သစ်တွင် “ဟောင်ကောင်”ရထား သည် မရပ်မနား ရှေ့သို့ ချီတက်လိမ့်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဗြိတိန်နိုင်ငံအား နိုင်ငံတကာဥပဒေအခြေခံမူများနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူများကို လိုက်နာပြီး ငြိမ်ဝပ်ပိပြားမှုမှ ပြန်လည်အေးချမ်းရှင်သန်လာသည့် ဟောင်ကောင်ဒေသ၏ အဖြစ်မှန်ကို လေးစားကာ ကိုလိုနီမာနကြီးနှင့် ဗိုလ်ကျစိုးမိုးရေး အတွေးအခေါ်ကို စွန့်လွှတ်ရန်၊ ဟောင်ကောင် အရေးကိစ္စကို အနှောင့်အယှက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများကို ရပ်စဲရန် တိုက်တွန်းလိုကြောင်း အလေးထားပြောကြားခဲ့ ပါသည်။