တရုတ်နိုင်ငံသည် Gaojing-3 01 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-04-16 15:02:45  

ဧပြီလ ၁၅ရက်နေ့ မွန်းလွဲ ၁၂နာရီ ၁၂မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ လောင်းမတ်ခ်ျ-2D သယ်ဆောင်ရေးဒုံးပျံဖြင့် Gaojing-3 01 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကြောင်း၊ လွှတ်တင်ရေးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။