ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘုရားကျောင်း တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုအဖြစ် သတ်မှတ်

(GMT+08:00)2024-04-16 15:06:52  

ဧပြီလ ၁၅ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ဆစ်ဒနီမြို့ရှိ ဘုရားကျောင်းအတွင်း တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ဒေသစံတော်ချိန် ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းက သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်အုပ်ချုပ်ရေးမှူး Chris Minns က ပြောကြားပါသည်။ သြစတြေးလျလုံခြုံမှု ထောက်လှမ်းရေးအဖွဲ့ (ASIO) ၏ လုံခြုံရေးဒါရိုက်တာ Mike Burgess က New South Wales ရဲတပ်ဖွဲ့အား ဆစ်ဒနီဘုရားကျောင်းတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် သတ်မှတ်ထားခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် ၁၅ ရက်နေ့ညက သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘုရားကျောင်းတစ်ခုတွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု သတင်းအရ သိရပါသည်။