"ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူလေ့လာခြင်းဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ" ကို ယူနက်စကိုရုံးချုပ်တွင် ကျင်းပ

(GMT+08:00)2024-04-16 15:05:14  

"ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူလေ့လာခြင်းဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ" ကို ဧပြီလ ၁၅ ရက်နေ့က ပဲရစ်မြို့ရှိ ယူနက်စကိုရုံးချုပ်တွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ကျန်းကျန့်ချွင်းက မိန့်ခွန်းပြောကြား ရာတွင် ၂၀၁၄ခုနှစ် မေလတုန်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ ပထမဆုံး အကြိမ် ယူနက်စကိုရုံးချုပ်သို့ သွားရောက်လည်ပတ်စဉ်တွင် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူလေ့လာခြင်းဆိုင်ရာ အတွေးအခေါ်များကို တင်ပြခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူလေ့လာခြင်း၏ အနှစ်သာရများကို စဉ်ဆက်မပြတ် တိုးပွားစေပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကာ လူသားအားလုံး၏ ဘုံအကျိုးစီးပွားမြှင့်တင်ရန် တရုတ်ဉာဏ်ပညာနှင့် တရုတ် ဖြေရှင်းရေးနည်းလမ်းများကို ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားသွားပါသည်။