စတုတ္ထအကြိမ်မြောက် လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲ၏ အပျော်စီးသင်္ဘောပြပွဲကျင်းပ

(GMT+08:00)2024-04-16 15:04:38  

ဧပြီလ ၁၄ ရက်နေ့က ဟိုင်ခိုမြို့၌ ကျင်းပနေသော စတုတ္ထအကြိမ်မြောက် လူသုံးကုန် ပစ္စည်း ကုန်စည်ပြပွဲ အပျော်စီးသင်္ဘောပြပွဲနေရာမှ ညအချိန်မှာ မီးရောင်များ ထွန်းလင်းတောက်ပနေပါသည်။

ယခုအကြိမ် အပျော်စီးသင်္ဘောပြပွဲတွင် ပါဝင်ပြသသည့် ပြည်ပမှ သင်္ဘောအရေအတွက် နှင့် အရည်အသွေးသည် စံချိန်တင် မြင့်မားခဲ့ကြောင်း၊ ပြသသည့် သင်္ဘောအစီးရေ ၂၅၀ ရှိပြီး လွန်ခဲ့သည့်နှစ်ကထက် ၁၄ ရာခိုင်နှုန်း တိုးလာကာ ကမ္ဘာ့နာမည်ကျော် သင်္ဘောထုတ်လုပ်ရေးလုပ်ငန်းများလည်း ပါဝင်ပြသကြကြောင်း သက်ဆိုင်ရာသတင်းအရ သိရပါသည်။