တရုတ် နိုင်ငံ၏ ပထမ ၃လပတ် ဂျီဒီပီသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၃ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-04-16 15:02:04  

တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ယခုလ ၁၆ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ တရုတ် အမျိုးသား စာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ် ရှင့်လိုင်ယွင့်က ယခုနှစ် ပထမ ၃လပတ်တွင် တရုတ် အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို မိတ်ဆက်ခဲ့ပါသည်။

ပဏာမ စာရင်းအရ ယခုနှစ် ပထမ ၃လပတ်တွင် တရုတ် နိုင်ငံ၏ ဂျီဒီပီ စုစုပေါင်း တန်ဖိုးမှာ ယွမ်ငွေ ၂၉၆၂၉.၉ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၃ရာခိုင်နှုန်း တိုးလာကာ လွန်ခဲ့သည့်နှစ် စတုတ္ထ ၃လပတ်ကထက် ၁.၆ရာခိုင်နှုန်း တိုးလာကြောင်း သတင်းစာ ရှင်းလင်းပွဲမှ ထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။