"ချိုရှိ" မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ "ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း ဆက်ခံခြင်းကို အားဖြည့်ပြီး တရုတ်အမျိုးသား၏ ထူးချွန်သော ရိုးရာ ယဉ်ကျေးမှုကို ထွန်းကားစေခြင်း" ဆောင်းပါးများ ထုတ်ဝေ

(GMT+08:00)2024-04-16 14:52:26  

ဧပြီလ ၁၆ ရက်နေ့ထုတ် "ချိုရှိ" မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ "ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း ဆက်ခံခြင်းကို အားဖြည့်ပြီး တရုတ်အမျိုးသား၏ ထူးချွန်သော ရိုးရာ ယဉ်ကျေးမှုကို ထွန်းကားစေခြင်း" ဆောင်းပါးများကို ထုတ်ဝေခဲ့သည်။ ယင်းဆောင်းပါးများတွင်၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါးများမှ ကောက်နုတ်ချက်တွေ ပါဝင်ပါသည်။

ဆောင်းပါးများတွင် အစဉ်အလာကြီးမားသည့် တရုတ် ယဉ်ကျေးမှုသည် သမိုင်း သက်တမ်း ကြာမြင့်ပြီး မွန်မြတ်သော တရုတ်အမျိုးသားကို ဖန်တီးလိုက်ကြောင်း ရေးသားထားပါသည်။

ဆောင်းပါးများတွင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို စကားပြောစေ၊ သမိုင်းကို ဖွင့်ဆိုစေ၊ ယဉ်ကျေးမှုကို ပြဆိုရမည် ဖြစ်ကြောင်း ရေးသားပါသည်။

ဆောင်းပါးများတွင် ကမ္ဘာကြီးသည် များပြားစုံလင်သော ယဉ်ကျေးမှုများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော သမိုင်းနှင့် ယဉ်ကျေးမှုများ ပိုင်ဆိုင်သည့်နိုင်ငံများမှ တစ်နိုင်ငံ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ၏ ယဉ်ကျေးမှုတွင် မတူခြားနားသော ယဉ်ကျေးမှုများအကြား အပြန်အလှန် နားလည် လေးစားခြင်းကို အစဉ်တစိုက် တန်ဖိုးထား ချီးကျူးပါကြောင်း ရေးသားထားပါသည်။