Lee Hsien Loongသည် နုတ်ထွက်စာကို သမ္မတထံသို့ တင်မည်ဖြစ်ပြီး Lawrence Wong သည် စင်ကာပူ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်

(GMT+08:00)2024-04-16 15:05:56  

စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong သည် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာပြီး မကြာမီတွင် ၎င်း၏ နုတ်ထွက်စာကို သမ္မတထံသို့ တင်မည်ဖြစ်ကြောင်း  ဧပြီလ ၁၅ ရက်နေ့က စင်ကာပူ လျန်ဟိုဇော်ပို သတင်းစာမှ သတင်းအရသိရပါသည်။

ဝန်ကြီးချုပ်ရုံးမှ မေလ ၁၅ ရက်နေ့တွင် Lee Hsien Loong ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ ယင်းမတိုင်ခင်မှာ  ဒုတိယ ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Lawrence Wong ကို ဝန်ကြီးချုပ်သစ် အဖြစ် တာဝန်ခန့်အပ်ရန် သမ္မတ Tharman Shanmugaratnam ထံ တရားဝင် အဆိုပြုချက် တင်ပြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။