ဝမ်ယိ သည် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2024-04-16 14:53:07  

ဧပြီလ ၁၅ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ချိန်းဆိုထားသည့် အတိုင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

    Hossein Amir-Abdollahianက ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံရုံး တိုက်ခိုက်မှု ခံရခြင်းနှင့်ပတ်သက်ပြီး အီရန်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယင်းအတွက် လိုအပ်သော တုန့်ပြန်ချက်ကို မပြုလုပ်သဖြင့် အီရန်နိုင်ငံသည် အချုပ်အခြာအာဏာ ကျူးကျော်ထိပါးမှု ခံခဲ့ရခြင်းအပေါ် မိမိတိုယ်တိုင်ခုခံ ကာကွယ်ရေး တုန့်ပြန်မှုကို ဆောင်ရွက်ရန် အခွင့်အရေး ရှိကြောင်း၊ လက်ရှိဒေသတွင်း အခြေအနေ ရှုပ်ထွေးလှကြောင်း၊ အီရန်နိုင်ငံအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး၊ အခြေအနေတင်းမာမှု ပိုမိုကြီးထွားမလာစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံရုံး တိုက်ခိုက်မှု ခံရခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ခြင်း ဖြစ်သဖြင့် လက်မခံနိုင် ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့် ဆက်သွယ်မှုများကို ထိန်းသိမ်းထားပြီး ပါလက်စတိုင်းပြဿနာကို ဘက်စုံ၊ တရားမျှတစွာ၊ ရေရှည် ကိုင်တွယ်ဖြေရှင်းဖို့ အတူတကွတွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။