နယ်စပ်တွင် အစ္စရေးစစ်တပ်များ ချထား

(GMT+08:00)2024-04-16 15:07:36  

ဧပြီလ ၁၅ ရက်နေ့က အစ္စရေးတောင်ပိုင်းတွင် အစ္စရေး စစ်သားတင် သံချပ်ကာကားများသည်  ဂါဇာဒေသနယ်စပ်သို့ ချဉ်းကပ်လာခဲ့သည်။ပြီးခဲ့သောစနေနေ့တွင် အီရန်နိုင်ငံသည် အစ္စရေးသို့ ရာနှင့်ချီသောဒုံးကျည်များနှင့်ဒရုန်းများ ပစ်လွှတ်ခဲ့ပြီးနောက် ဗြိတိန်နှင့် အမေရိကန် အပါအဝင် အစ္စရေး၏ မဟာမိတ်များက အီရန်နှင့် ပဋိပက္ခများ ပြင်းထန်လာရန်ကို ရှောင်ရှားဖို့ အစ္စရေးအား တိုက်တွန်းခဲ့သည်။တစ်ချိန်တည်းတွင် ပဋိပက္ခဖျန်ဖြေသူများသည် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဝေမှုတိုးမြှင့်ရန် ဆက်လက်တွန်းလျက်ရှိ သည်။