ဂျာမဏီ-တရုတ်လုပ်ငန်းကုမ္ပဏီများမှ "ဟိုက်ဒရိုဂျင်" နည်းပညာနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို အလွန်သဘောကျသည်ဟု ဂျာမဏီဝန်ကြီးချုပ် ဆို

(GMT+08:00)2024-04-15 15:47:22  

ဂျာမဏီနိုင်ငံဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ် က ဂျာမဏီ-တရုတ်လုပ်ငန်းကုမ္ပဏီများမှ "ဟိုက်ဒရိုဂျင်" နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို အလွန်သဘောကျ ကြောင်း၊ ဂျာမဏီနိုင်ငံအနေဖြင့် ဂျာမဏီ-တရုတ်နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသော ကူးလူးဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု များ အဆင့်ကဏ္ဍသစ်သို့ ရောက်ရှိစေရန် ဆန္ဒရှိကြောင်း ဧပြီလ ၁၄ရက်နေ့က ပြောကြား ခဲ့ပါသည်။
    ဧပြီလ ၁၄ရက်နေ့ နံနက်ပိုင်းက အိုလတ်ဖ် ရှို့လ်ဇ် သည် ချုံချင့်မြို့သို့ ရောက်ရှိပြီး တရုတ်နိုင်ငံ၏ တရားဝင်ခရီးစဉ်ကို စတင်ခဲ့ပါသည်။ အိုလတ်ဖ် ရှို့လ်ဇ် သည် တရုတ်-ဂျာမဏီဖက်စပ်ကုမ္ပဏီ၊ တရုတ်-ဂျာမဏီ ရေစောင့်ကြည့်ရေးလုပ်ငန်းစသည်တို့ကို ကြည့်ရှု လေ့လာခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက  ရှင်းပြခဲ့ကြပါသည်။