စတိုင်ကျသော တရုတ် ရိုးရာဝတ်စုံများ ခေတ်စားလာနေ

(GMT+08:00)2024-04-15 14:13:57  

ယခုနှစ် စားသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ Fashion Week အတောအတွင်း ပြည်တွင်းပြည်ပမှ အဝတ်အစား ကုန်ပစ္စည်းများမှ တံဆိပ်အသစ်ပေါင်း ၃၀၀ ကို ပြသထားပြီး Fashion Show များ ကြည့်ရှုနိုင်သည့်အပြင် အဝတ်အစားအသစ်များကိုလည်း ဝယ်ယူလို့ရပါ သည်။ ပန်းထိုးခြင်း၊ ရိုးရာခလုပ်များနှင့် မှင်နက်ခြယ်ပန်းချီကားပုံစံ  စသည့် တရုတ် ရိုးရာ ဝတ်စုံ များနှင့် ခုခေတ် ဖက်ရှင်ဒီဇိုင်းများ ပေါင်းစပ်ထားပြီး China Chic ကို သဘောကျသော လူငယ်များအပေါ် ဆွဲဆောင်မှု အလွန်ရှိကာ “တရုတ်စတိုင်အသစ်” အဝတ်အစားများသည် ယခုနှစ် နွေဦးနှင့် နွေရာသီ အတောအတွင်း ရေပန်းအစားဆုံး ဖက်ရှင်တစ်မျိုး ဖြစ်လာနေပြီဖြစ်ကြောင်း သိရပါသည်။